(ကွင်းစကွင်းပိတ်ထဲကဒီစာအားလုံးကိုselectပြီး အားလုံးရေး)
Tuesday, 4 May 2010
Saturday, 1 May 2010
♥လမ်းခွဲတာ ဝမ်းနည်းစရာလာာားးးး♥
မြစ်ပြင်ထဲက ဗေဒါပင်တွေဟာ
လေကြောင့်ပဲ ပေါင်းဆုံကြသလို
လေကြောင့်ပဲ ကွဲကွာသွားကြပါတယ်။
သံသရာ မြစ်ပြင်ထဲက
လူသားတွေဟာလည်း
ကံကြောင့်ပဲ ဆုံစည်းခွင့်ရာကသလို
ကံကြောင့်ပဲ ခွဲခွာကြရပြန်ပါတယ်။
ကံကြုံရင် ပြန်ဆုံကြဦးမှာပေါ့။
လမ်းခွဲမှာ ဝမ်းနည်းစရာ မလိုပါဘူးလေ..။
(အရှင်ဆန္ဒာဓိက) (ကွင်းစကွင်းပိတ်ထဲကဒီစာအားလုံးကိုselectပြီး အားလုံးရေး)
Friday, 23 April 2010
♥ကျေးဇူးပါ ချစ်သူ..♥
ချစ်သူ။။။
မှားယွင်းခဲ့တဲ့ တစုံတရာ အတွက်
ငါ ဘာတွေများ မျှော်လင့်လို့ ရဦးမှာလဲ ???
အချစ် ဆိုတာ ဖြူစင်စွာပေးဆပ်ခြင်းသပ်သပ် တဲ့လား???
အနားမှာ နင်ရှိနေပေးခဲ့ဖူးတဲ့ အချိန်တွေအတွက်
နင့်ကို ကျေးဇူးတင်သလို … … …
နင်မရှိတော့တဲ့ အခါမှာလည်း
တမ်းတလွမ်းမောစရာ အတိတ်လေးကို ချန်ထားပေးခဲ့တဲ့
နင့်ကို ကျေးဇူးတင်ဆဲပါပဲ။
နောက်ဆုံးတော့ … … …နင်နဲ့
လက်တွဲရတာက
သာယာသောအေးချမ်းခြင်းဖြစ်နိ
လမ်းခွဲရတာကလည်း
အပူအပင်ကင်းသော ငြိမ်းချမ်းခြင်းဖြစ်နိုင်တ
ဖြေသိမ့်မှတ်ယူရင်း …
ငါ့ ရင်ထဲမှာတော့ နင့်တစ်ယောက်ကိုပဲ
သက်ဆုံးတိုင်မြတ်နိုးနေဦးမ
Sunday, 11 April 2010
♥ကိုယ်ကျေနပ် နေမှာပါ ချစ်သူ♥
♥ချစ်ခြင်း မချစ်ခြင်းကို ပိုင်ဆိုင်ခြင်း မပိုင်ဆိုင်ခြင်းနဲ့ တိုင်းတာလို့ မရနိုင်ပါဘူးးး။ ရင်ထဲမှာမြတ်နိုးစွာ ထာဝရ ရှိနေဖို့ ကအဓိကပါ..။
♥ပိုင်ဆိုင်ဖို့ ချစ်ခဲ့တာ မဟုတ်တဲ့အတွက် ဆုံးရှုံးသွားခဲ့ရင်လဲ ကိုယ့်ရဲ့ကုသိုလ်ကံပဲပေါ့ ချစ်သူရယ်..။
♥တခုခုကို မင်းဆုံးဖြတ်သွားခဲ့ရင်လဲ မင်းလုပ်သင့်လို့ လုပ်သွားတာပဲလို့ မှတ်ယူပီး ခဏတာရခဲ့တဲ့ မင်းရဲ့ချစ်ခြင်းတွေနဲ့ ပဲ ကျေနပ်ပီးနေကျန်ခဲ့မှာပါ..။
♥မင်းရဲ့ အချစ်ဆုံး ဖြစ်ခဲ့တယ်ဆိုတဲ့ အတွေးလေးနဲ့ ပဲ ကိုယ်အသက်ဆက် ကျန်ရစ်ခဲ့မှာပါ ချစ်သူရယ်..။
(ကွင်းစကွင်းပိတ်ထဲကဒီစာအားလုံးကိုselectပြီး အားလုံးရေး)
Sunday, 4 April 2010
♥အချစ်ဆိုတာတဲ့..♥
"အချစ်ဆိုတာကို မရခင်တုန်းကတော့ရလျှင် ငြိမ်းချမ်းလိမ့်မည်ထင်ခဲ့သည်.။ ရခဲ့သည့်အခါတွင် စိတ်လွတ်ကိုယ်လွတ် ငြိမ်းချမ်းရသည့် အချိန်ကနည်းပီး၊ အကျိုးအကြောင်းနှင့် အချစ်ကို မထိခိုက်အောင် တိုက်ခိုက်နေရသည့် အချိန်ကသာများသည်တဲ့" ဆရာနီကိုရဲရဲ့ ဝတ္တုစာအုပ်ထဲကပါ..ကြိုက်လို့ ..:D
Monday, 22 March 2010
♥အချစ်ပဲ ရှိတယ်♥
အချစ်ကို နာမည်မမေးပါနဲ့...
နေရပ်လိပ်စာ မမေးပါနဲ့...
အလုပ်အကိုင်မမေးပါနဲ့..
ဘာဆို ဘာမှမမေးပါနဲ့...
အချစ်မှာ အချစ်ကလွဲပြီး..
ဘာဆိုဘာမှ မရှိဘူးကွယ်..။
အချစ်အတွက် အချစ်ပဲရှိလို့ ..
တသက်စာ ဘဝအတွက်
မဖူလှုံနိုင်ဘူး မင်းထင်ရင်..
ငါ့ဘဝထဲ မင်းဝင်မလာရဲလဲ
အချစ်ပဲရှိတဲ့ ငါ့အချစ်နဲ့ ..
ချစ်မြဲ ချစ်ဆဲ ချစ်နေလျှက်ပါပဲ.....။
(ကွင်းစကွင်းပိတ်ထဲကဒီစာအားလုံးကိုselectပြီး အားလုံးရေး)