Friday 23 April 2010

♥ကျေးဇူးပါ ချစ်သူ..♥

ချစ်သူ။။။
မှားယွင်းခဲ့တဲ့ တစုံတရာ အတွက်
ငါ ဘာတွေများ မျှော်လင့်လို့ ရဦးမှာလဲ ???
အချစ် ဆိုတာ ဖြူစင်စွာပေးဆပ်ခြင်းသပ်သပ် တဲ့လား???




အနားမှာ နင်ရှိနေပေးခဲ့ဖူးတဲ့ အချိန်တွေအတွက်

နင့်ကို ကျေးဇူးတင်သလို … … …
နင်မရှိတော့တဲ့ အခါမှာလည်း
တမ်းတလွမ်းမောစရာ အတိတ်လေးကို ချန်ထားပေးခဲ့တဲ့
နင့်ကို ကျေးဇူးတင်ဆဲပါပဲ။


နောက်ဆုံးတော့ … … …နင်နဲ့

လက်တွဲရတာက
သာယာသောအေးချမ်းခြင်းဖြစ်နိ
ုင်သလို
လမ်းခွဲရတာကလည်း
အပူအပင်ကင်းသော ငြိမ်းချမ်းခြင်းဖြစ်နိုင်တ
ာပဲလို့
ဖြေသိမ့်မှတ်ယူရင်း …
ငါ့ ရင်ထဲမှာတော့ နင့်တစ်ယောက်ကိုပဲ
သက်ဆုံးတိုင်မြတ်နိုးနေဦးမ
ှာပါ ‘ **ချစ်သူ**
(ကွင်းစကွင်းပိတ်ထဲကဒီစာအားလုံးကိုselectပြီး အားလုံးရေး)




ဆက်ဖတ်ရန်...

Sunday 11 April 2010

♥ကိုယ်ကျေနပ် နေမှာပါ ချစ်သူ♥

♥ချစ်ခြင်း မချစ်ခြင်းကို ပိုင်ဆိုင်ခြင်း မပိုင်ဆိုင်ခြင်းနဲ့ တိုင်းတာလို့ မရနိုင်ပါဘူးးး။ ရင်ထဲမှာမြတ်နိုးစွာ ထာဝရ ရှိနေဖို့ ကအဓိကပါ..။ 

♥ပိုင်ဆိုင်ဖို့ ချစ်ခဲ့တာ မဟုတ်တဲ့အတွက် ဆုံးရှုံးသွားခဲ့ရင်လဲ ကိုယ့်ရဲ့ကုသိုလ်ကံပဲပေါ့ ချစ်သူရယ်..။

♥တခုခုကို မင်းဆုံးဖြတ်သွားခဲ့ရင်လဲ မင်းလုပ်သင့်လို့ လုပ်သွားတာပဲလို့ မှတ်ယူပီး ခဏတာရခဲ့တဲ့ မင်းရဲ့ချစ်ခြင်းတွေနဲ့ ပဲ ကျေနပ်ပီးနေကျန်ခဲ့မှာပါ..။

♥မင်းရဲ့ အချစ်ဆုံး ဖြစ်ခဲ့တယ်ဆိုတဲ့ အတွေးလေးနဲ့ ပဲ ကိုယ်အသက်ဆက် ကျန်ရစ်ခဲ့မှာပါ ချစ်သူရယ်..။
(ကွင်းစကွင်းပိတ်ထဲကဒီစာအားလုံးကိုselectပြီး အားလုံးရေး)


ဆက်ဖတ်ရန်...

Sunday 4 April 2010

♥အချစ်ဆိုတာတဲ့..♥

"အချစ်ဆိုတာကို မရခင်တုန်းကတော့ရလျှင် ငြိမ်းချမ်းလိမ့်မည်ထင်ခဲ့သည်.။ ရခဲ့သည့်အခါတွင် စိတ်လွတ်ကိုယ်လွတ် ငြိမ်းချမ်းရသည့် အချိန်ကနည်းပီး၊ အကျိုးအကြောင်းနှင့် အချစ်ကို မထိခိုက်အောင် တိုက်ခိုက်နေရသည့် အချိန်ကသာများသည်တဲ့" ဆရာနီကိုရဲရဲ့ ဝတ္တုစာအုပ်ထဲကပါ..ကြိုက်လို့ ..:D

ဆက်ဖတ်ရန်...